
အက်တီဗို
အားဆေး
GA 142, Ethanolamine Boron & Sodium Molybdate
အသေးစိတ်အချက်အလက်များ 
GA 142, Ethanolamine Boron & Sodium Molybdate တို့ ရောစပ်၍ ဖော်စပ်ထုတ်လုပ်ထားသော အပွင့်၊ အသီး အားတိုးဆေးရည်
အသုံးပြုရမည့်သီးနှံ
- ဖရဲ၊ သခွား၊ သင်္ဘော၊ စတော်ဘယ်ရီ
- မုန်ညင်း၊ ဆလပ်
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ
အကျိုးကျေးဇူး
- အပွင့်၊ အသီးနှင့် အမြစ်များ ဖြစ်ထွန်းမှု အားကောင်းစေသည်။
- အသီးတင်မှု များစေသည်။
- သီးနှံအရည်အသွေးကောင်းမွန်စေခြင်း နှင့် အထွက်နှုန်းသိသာစွာ ကောင်းမွန်စေသည်။
သုံးစွဲရန်နှုန်းထား
- ဖရဲ၊ သခွားမွှေး၊ သင်္ဘော၊ စတော်ဘယ်ရီတို့တွင် (၃၀-၄၀ စီစီ/ဂါလံ) နှုန်းဖြင့် ပန်းစတင်ပွင့်ချိန်၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် နှင့် သီးကင်းဝင်ချိန်တို့တွင် ပက်ဖျန်းပေးပါ။
- မုံညင်း၊ ဆလပ် နှင့် ဟင်းသီးဟင်းရွက်များ တွင် (၃၀စီစီ/ဂါလံ) နှုန်းဖြင့် (၇-၁၄) ရက်ခြားကာ (၃) ကြိမ်ပက်ဖျန်းပါ
- ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ သီးနှံတွင် (၃၀-၄၀) စီစီ/ဂါလံနှုန်းဖြင့် အရွက် (၄-၅) ရွက်ထွက်ရှိချိန်တွင် ပထမအကြိမ်နှင့် ထို့နောက် (၇-၁၄) ရက်ခြားကာ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ပက်ဖျန်းပါ။
သတိပြုရန်
- ဆေးမဖျော်စပ်မီ ဆေးပုလင်းကို သေချာစွာလှုပ်ပါ။
- အခြားဆေးများနှင့် ရောဖျန်းပါက အက်တီဗိုဆေးကို နောက်ဆုံးမှ ထည့်ပါ။
- အက်တီဗိုကို အခြားစိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ်အသုံးပြုနိုင်သော်လည်း ပေါင်းသတ်ဆေးနှင့် ရောစပ်အသုံးမပြုရပါ။
- သာမန် အခန်းအပူချိန်၊ အရိပ်အောက်တွင် သိုလှောင်သိမ်းဆည်းနိုင်သည်။

