၂၀၂၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
စတင်ချိန်မှစ၍ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း
40+ ပညာရှင်
စိုက်ပျိုးရေးပညာရှင်များ
၇၀%
လယ်ယာလုပ်ငန်းအသိုက်အဝန်းများကို ဝန်ဆောင်မှုပေးခြင်း
Titan Agro-Science Co., Ltd. သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ကုမ္ပဏီသည် သီးနှံထွက်ရှိမှုကို ထိခိုက်စေသော ပိုး၊ ရောဂါနှင့် ပေါင်းပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အရည်အသွေးမြင့် ဓာတုပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် သီးနှံအတွက် အားဆေးများကို ထုတ်လုပ် ဖြန့်ချိလျက်ရှိပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ (၇၀) %သည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍပေါ်တွင် များစွာ မူတည်နေပါသည်။
Titan Agro-Science Co., Ltd. သည် လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်သို့ ဦးတည်နိုင်စေရန် စိုက်ပျိုးရေးပညာရှင်ပေါင်း (၄၀) ဦးခန့်ထားကာ တောင်သူများအား ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်အသုံးပြုနည်းများအပါအဝင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့အကြောင်း အပြည့်စုံကြည့်ရန်



အမျိုးအစားများ
ထုတ်ကုန်အားလုံးကြည့်ရန်











