banner
တိုက်တန်အကြောင်း
မြန်မာ့လယ်ယာစိုက်ပျိုးရေး တိုးတက်မှုကို တွန်းအားပေးသည်။

Titan Agro-Science Co., Ltd. သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ကုမ္ပဏီသည် သီးနှံထွက်ရှိမှုကို ထိခိုက်စေသော ပိုး၊ ရောဂါနှင့် ပေါင်းပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် အရည်အသွေးမြင့် ဓာတုပိုးသတ်ဆေးများ၊ ရောဂါသတ်ဆေးများ၊ ပေါင်းသတ်ဆေးများနှင့် သီးနှံအတွက် အားဆေးများကို ထုတ်လုပ် ဖြန့်ချိလျက်ရှိပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ (၇၀) %သည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍပေါ်တွင် များစွာ မူတည်နေပါသည်။

Titan Agro-Science Co., Ltd. သည် လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်သို့ ဦးတည်နိုင်စေရန် စိုက်ပျိုးရေးပညာရှင်ပေါင်း (၄၀) ဦးခန့်ထားကာ တောင်သူများအား ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်အသုံးပြုနည်းများအပါအဝင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။

image
icon
မျှော်မှန်းချက်

ခေတ်မီဆန်းသစ်ပြီး ဘေးကင်းလုံခြုံစိတ်ချရ၍ ရေရှည်တည်တံ့စေသော စိုက်ပျိုးရေး နည်းပညာများကို ဖြန့်ဝေပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်နိုင်သော ထိပ်တန်း Agro-Science ကုမ္ပဏီတစ်ခုဖြစ်လာရန်

icon
ဆောင်ရွက်ရန်တာဝန်များ

၁။ အရည်အသွေးမြင့် စိုက်ပျိုးရေးသုံး ဓာတုသွင်းအားစုများကို ထုတ်လုပ် ဖြန့်ချိရန်

၂။ သီးနှံပင်များအတွက် ရာသီဥတုနှင့် ပိုး/ရောဂါ ဖိစီးမှုဒဏ်တို့ကို ခံနိုင်ရည်ရှိစေသော ခေတ်မီနည်းပညာများကို ပံ့ပိုးရန်

၃။ ဓာတုပိုးသတ်ဆေးများကို ထိ‌ရောက်စွာနှင့် ဘေးကင်းလုံခြုံစိတ်ချရစွာ အသုံးပြုနိုင်ရေးအတွက် နည်းပညာပေးခြင်းများကို ဆောင်ရွက်ရန်

၄။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုစနစ်ဆီသို့  ဦးတည်ရန်

၅။ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝ၍ ဈေးကွက်ဝင်သော သီးနှံများကို စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် တောင်သူများ၏ အထွက်နှုန်းနှင့် ဝင်ငွေ တိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်

icon
ကျင့်ဝတ်/စံနှုန်းများ
  • အရည်အသွေး
  • ယုံကြည်မှု
  • နည်းပညာဆန်းသစ်မှု
  • တာဝန်ယူမှု
  • တောင်သူ့အကျိုးစီးပွားအပေါ်ရှေးရှုမှု
icon
လုပ်ငန်းမဟာဗျူဟာ
  • ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း
  • ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ ခိုင်မာသော ထုတ်ကုန် ဖြန့်ချိမှုဆိုင်ရာ ကွန်ယက် တည်ဆောက်ခြင်း
  • နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် တောင်သူနည်းပညာပေးဆောင်ရွက်ခြင်း
  • ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ဖြန့်ချိခြင်း
  • ထုတ်ကုန်အမှတ်တံဆိပ်အား အသိအမှတ်ပြုလက်ခံလာစေခြင်းနှင့် ဒီဂျစ်တယ်နည်းပညာဖြင့် ဈေးကွက်ထိုးဖောက်ခြင်း
icon
ရည်မှန်းချက်များ

ကာလတို ရည်မှန်းချက်များ

  • Titan အမှတ်တံဆိပ်ကို ယုံကြည်စိတ်ချရသော စိုက်ပျိုးရေး သွင်းအားစု အမှတ်တံဆိပ် အဖြစ်  လက်ခံလာအောင် တည်ဆောက်ရန်
  • ထုတ်ကုန်ဖြန့်ချိရေးကွန်ယက်များကို မြန်မာနိုင်ငံအနှံ့တိုးချဲ့ရန်
  • တောင်သူနည်းပညာပေးသင်တန်းများနှင့် စံပြကွက်များကို တိုးမြှင့် ဆောင်ရွက်ရန်

ကာလအလယ် ရည်မှန်းချက်များ

  • ကုန်မ္ပဏီမှ ထုတ်လုပ်ဖြန့်ချိသော ထုတ်ကုန်အမျိုးအစားများကို တိုးချဲ့ပြီး ဈေးကွက်ရရှိမှု ပမာဏကို တိုးမြှင့်ရန်
  • သုတေသန နှင့် နည်းပညာအဖွဲ့ကို အားကောင်းခိုင်မာစွာ ဖွဲ့စည်းထားရှိရန်
  • ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများကို ဖော်ဆောင်ရန်

ကာလရှည် ရည်မှန်းချက်များ

  • မြန်မာနိုင်ငံ၏ ထိပ်တန်း Agro-Science Company တစ်ခုဖြစ်လာရန်
  • အာဆီယံနှင့် နိုင်ငံတကာဈေးကွက် သို့ ဝင်ရောက်နိုင်သော ကုန်အမှတ်တံဆိပ် တစ်ခုဖြစ်လာရန်
  • သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ် ဖြန့်ချိသွားရန်
banner

မြန်မာ့မြေမှာ တိုက်တန်သုံး အထွက်နှုန်းတွေ တဟုန်းဟုန်း

mail
ဆက်သွယ်ရန်